Copytrading
သင့်အတွက်
Copytading သည် ရင်းနှီးမြှုပ်နှံသူများကို စျေးကွက်အတွင်းမှ ကျွမ်းကျင်ကုန်သွယ်သူများ ဖွင့်ပေးထားသော စျေးကွက်နေရာများကို တိုက်ရိုက်ပွါးယူမှု ထုစါစေသည်။ ဤ အရာသည် ရင်းနှီးမြှုပ်နှံသူများနှင့် ကျွမ်းကျင်ကုန်သွယ်သူများကိုပါ ဝင်ငွေတိုးစေမည့် အဆင်အပြေဆုံး နည်းလမ်းတစ်ခုပင် ဖြစ်သည်။
ကုန်သွယ်သူများသည် OnFin CopyTrading တွင် ထိုသူတို့၏ ကုန်ရောင်းကုန်ဝယ်ရေးဆိုင်ရာကိုယ်ပိုင်နည်းလမ်းပရိယာယ်များကို ဖန်တီးခြင်းနှင့် ထိန်းသိမ်းခြင်းများ ပြုလုပ်သည်
ဤအရာများကို ပရိယာယ်များဟု ခေါ်သည်။ လုပ်ဆောင်ရမည့်အရာများမှာ ပိုင်ဆိုင်မှု တစ်ခုခုကို အကျိူးအမြတ် ဖြစ်ထွန်းအောင်ရောင်းဝယ်ရပါမည်။ ထို့ကြောင့် သူတို့သည် သူတို့အား အားပေးသူများထံမှ အခြား အပိုဆုငွေများ ရရှိကြမည်။ အကောင်းဆုံးနည်းပရိယာယ်များကို အဓိက ဝန်ဆောင်မှုပေးနေသော နေရာတွင် အချိန်နှင့် တပြေးညီ တင်ပေးနေပါသည်။
ရင်းနှီးမြှုပ်နှံသူများသည် နည်းပရိယာယ်များကို ထုတ်နှုတ်ရွေးချယ်များပြီး အသုံးပြုရပါမည်။
နည်းပရိယာယ် ချမှတ်သူများ၏ လုပ်ဆောင်မှုတိုင်းသည် အားပေးသူများ၏ အကောင့်ထဲသို့ အချိန်နှင့်တပြေးညီ ကူးယူ ပို့ပေးနေပါမည်။ ရင်းနှီးမြှုပ်နှံသူများသည် ကုန်သွယ်မှုကို စိုးရိမ်စရာမလိုဘဲ စီမံခန့်ခွဲသူကသာ တာဝန်ယူ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။
OnFin CopyTrading မှာ ပိုမိုလွယ်ကူစေမည့် နည်းပရိယာယ်များ၊စီမံခန့်ခွဲမှုများနှင့် အသုံးပြုသူများအတွက် အဆင့်မြင့် ထိန်းညှိမှုစနစ်နှင့် အသွင်အပြင်များ ပါဝင်ပါတယ်
ရင်းနှီးမြှုပ်နှံသူများအတွက်
ကျွမ်းကျင်သူများ၏ အတွေ့အကြုံများကို ကိုင်တွယ်အသုံးချပါ

OnFin CopyTrading တွင် နည်းပရိယာယ်အသုံးပြုမှုသည် ကျွမ်းကျင်ကုန်သွယ်သူများ၏ အသိပညာနှင့် အတွေ့အကြုံကို အသုံးချရန် အကောင်းဆုံးနည်းလမ်းဖြစ်သည် နည်းပရိယာယ် အသုံးပြုသူတွေသည် အချိန်ကုန်သက်သာပြီး ကျွမ်းကျင်သူများကဲ့သို့ပင် အကျိုးအမြတ်ရရှိနိုင်ပါသည်။ နည်းပရိယာယ်များကို အသုံးချခြင်းဖြင့် သင့်၏ အမြတ်ကို ထိန်းချုပ်မှူ မဆုံးရှုံးနိုင်သလို ကုန်သွယ်မှုများကိုလည်း အဖွင့် အပိတ် ပြုလုပ်နိုင်နေပါသေးတယ်

OnFin CopyTradingမှာ အဆင်ပြေချောမွေ့သော ရင်းနှီးမြှုပ်နှံမှု နည်းပရိယာယ်များနှင့် ရင်းနှီးမြှုပ်နှံများ အတွက် စီမံခန့်ခွဲမှူများနှင့် အဆင်မြင့် ထိန်းညှိစနစ်များ ပါဝင်ပါတယ်
သင့်ရဲ့ ကျွမ်းကျင်မှုအတွက် ဤ ၅ဆင့်ကို အသုံးပြုပါ
01
OnFin CopyTrading ဝန်ဆောင်မှုလုပ်ငန်း၏ အဓိက စာမျက်နှာတွင် နည်းပရိယာယ်တစ်ခုကို ရွေးချယ်ပါ
05
စီမံခန့်ခွဲသူ အဖွဲ့က နည်းပရိယာယ် အသုံးပြုခ အခကြေးငွေကို သင့်အကောင့်အတွင်းမှ အလိုအလျောက်ထုတ်ယူသွားပါမည်
02
ပုံပွါးအကောင့်တခုဖွင့်၍ ၁၀၀ ဒေါ်လာခန့်ထည့်သွင်းငွေဖြည့်ပါ
ရွေးချယ်ထားသော နည်းပရိယာယ်ကို တွက်ချက်အသုံးပြုပါ
03
04
နည်းပရိယာယ် စီမံခန့်ခွဲသူက အကျိူးအမြတ်ဖြစ်သော ကုန်သွယ်မှု ပြုလုပ်တိုင်း အကျိုးအမြတ်ရအောင် လုပ်ပါ
နည်းပရိယာယ်ကို ဘယ်လိုရွေးချယ်မလဲ
အကောင်းဆုံးလုပ်ဆောင်မှု ရှိတဲ့ နည်းပရိယာယ်ကို ရွေးချယ်ပါ။ OnFin CopyTrading တွင် အမြတ်မတူသော နည်းပရိယာယ််များ၊ အားပေးအသုံးပြုသူများနှင့် စီမံခန့်ခွဲခ ငွေကြေးများပါဝင်သော နည်းပရိယာယ် မျိုးစုံပါဝင်သည်။ အများဆုံးဆွဲချသွားမည့် ပမာဏအပေါ်မူတည်၍ စွန့်စားရမည့်အဆင့်ကို ခန့်မှန်းပါ။ စီမံခန့်ခွဲသူ၏ အတွေ့အကြုံသည် နည်းပရိယာယ်၏သက်တမ်းအပေါ် မူတည်သည်။ ထိုအချက်များ အပေါ်မူတည်၍ နည်းပရိယာယ်ကို ရွေးချယ်ပါ
ရင်းနှီးမြှုပ်နှံမှုပြုလုပ်မည့် ပမာဏနှင့် နည်းပရိယာယ်များအပေါ် မည့်ကဲ့သို့ ခွဲဝေသုံးစွဲမည်ကို ဆုံးဖြတ်ပါ။ နည်းပရိယာယ်တစ်ခုချင်းစီ၏ အကြံပေးထားသော ရင်းနှီးမြှုပ်နှံမှု ပမာဏကိုလည်း စစ်ဆေးပါ။ သင့်အကောင့်တစ်ခုတည်းတွင်ပင် နည်းပရိယာယ်များကို အားပေးသုံးစွဲမှုအား တစ်ချိန်တည်းတွင် အများအပြားဖွင့်ထားနိုင်သည် သို့မဟုတ် နည်းပရိယာယ်တစ်ခုတည်းကို ပုံပွားအကောင့်များ ထပ်ဖွင့်၍လည်း သုံးနိုင်သည်။အကောင့်တစ်ခုတည်းတွင် ဝယ်ယူသုံးစွဲမှု ၃၀ ထိပြုလုပ်နိုင်သည်။
ဝယ်ယူအားပေးမှုကို ဘယ်လိုချိန်ညှိမလဲ
OnFin CopyTrading သည် ရိုးရှင်းလွယ်ကူသော ရင်းနှီးမြှုပ်နှံမှုကိရိယာတစ်ခုပင် ဖြစ်သည်။ ပမာဏကိုလည်း ရင်းနှီးမြှုပ်နှံသူ၏ ငွေနှင့် စီမံခန့်ခွဲသူ၏ ငွေပမာဏအချိူးအစားကို ကြည့်၍ ဆုံးဖြတ်နိုင်သည်။ သင့်ဘက်ကသာ လုံလောက်သော ရင်းနှီးငွေပမာဏတစ်ခုကို ချိတ်ဆက်ထားသောနည်းပရိယာယ်များအတွက် ကုန်သွယ်မှုများ ပြုလုပ်နိုင်ရန် ရှိအောင်လုပ်ထားရန်သာလိုသည်။ထိုသို့ မဟုတ်လျှင် ကုန်သွယ်မှု အသစ်များသည် ထပ်တိုးလာမည် မဟုတ်ပေ။ သင့် အကောင့်ထဲတွင် ရင်းနှီးငွေလုံလောက်အောင် ထားပါ သို့မဟုတ် ကုန်သွယ်မှုအသစ်ဖြစ်လာမည် မဟုတ်ပေ။
သင့်၏ နည်းပရိယာယ် ဝယ်ယူအားပေးထားမှူများကို အကောင့်ထဲတွင် စုစည်းပေးထားပြီး သင့်၏ ဝယ်ယူအားပေးမှူများ စာမျက်နှာတွင် ဝင်ရောက်ကြည့်ရှုနိုင်သလို စီမံခန့်ခွဲမှုလည်း ပြုလုပ်နိုင်သည်။ နည်းပရိယာယ်သုံးစွဲမှုကို ရပ်တန့်နိုင်သလို ပိတ်၍လည်းထားနိုင်သည်။ ဤအရာများသည် အသုံးပြုထားသော ကုန်သွယ်မှုများကိုလည်း ပိတ်ထားမည်ဖြစ်သည်။
ရင်းနှီးမြှုပ်နှံသူများ၏ အခွန်ငွေ
သင်နှင့် ကိုက်ညီသော နှုန်းထားများကို ရွေးချယ်ပါ
အမြတ်ငွေ ရာခိုင်နှုန်း
ကုန်သွယ်မှုအတွက် သတ်မှတ်ငွေ ပမာဏ
အချိန်ကာလ တစ်ခုအတွင်း စုစုပေါင်းငွေ
နည်းပရိယာယ် တစ်ခုချင်းစီတိုင်းတွင် ကိုယ်ပိုင်အခွန်ငွေတစ်ခုစီရှိသည်။ အသင့်တော်ဆုံးသောတစ်ခုကို ရွေးချယ်ပါ။ အချိန်ကာလတစ်ခုအတွင်း ပေးရသော ကော်မရှင်ခတစ်ခုပါသော နည်းပရိယာယ်တစ်ခုကို အသုံးပြုလိုက်လျှင် သင့်အကောင့်ထဲတွင် ထိုကော်မရှင်ခကို ပေးရန်လုံလောက်သော ငွေပမာဏတစ်ခုနှင့်အတူ ဒေါ်လာ ၁၀၀ ကို အနည်းဆုံးဖြည့်သွင်းထားပါ။ နည်းပရိယာယ်များဖြင့် ကုန်သွယ်မှုများ ပြုလုပ်ရာတွင် ကော်မရှင်ခကို ပုံမှန်ကောက်ခံသွားပါမည်။
ရင်းနှီးမြှုပ်နှံမှုများသည် OnFin CopyTrading ထဲတွင် ပိုမိုလွယ်ကူလာသည်။
ဈေးကွက်အသစ်နှင့် နည်းလမ်းများကို ရှာဖွေပါ။ အညွန်းကိန်းများ၊ စတော့များ၊ ကုန်စည်များနှင့် ခရစ်ပတို ဒစ်ဂျစ်တယ်ငွေကြေးများကို နားမလည်သော်လည်း ကြည့်ရှုပါ။ အချိန်နှင့် အားစိုက်ထုတ်မှုကို ချွေတာပါ။ OnFin CopyTrading အကောင့်တစ်ခုဖွင့်ကာ နည်းပရိယာယ်ကို အသုံးချ၍ အကျိူးအမြတ်များကို ဖန်တီးပါ။
CopyTrading သည် ကွဲပြားသော ဈေးကွက်များတွင် လွယ်ကူစွာ ကုန်သွယ်မှု ပြုလုပ်နိုင်သည်။ စွန့်စားရမည့် ပမာဏနှင့် ပြန်လည်ရရှိနိုင်မည့် ပမာဏအပေါ်တွင် အကောင်းဆုံးဖြစ်မည့်အရာကို ရွေးချယ်၍ ပုံမှန်ကုန်သွယ်မှုများ ပြုလုပ်ကာ ဈေးကွက်နှင့် ကုန်သွယ်မှုများကို လေ့လာနိုင်ပါသည်။ ကုန်စည် သို့မဟုတ် သတ္ထုပစ္စည်းများကို နားမလည်သော်လည်း သင့်၏ ရင်းနှီးမြှုပ်နှံများကို ချိန်ညှိလိုပါက မှန်ကန်သော နည်းပရိယာယ်ကိုသာ ရွေးချယ်လိုက်ပါ။
ကျွမ်းကျင်ကုန်သွယ်သူများအတွက်
သင့်၏ ကျွမ်းကျင်မှုအကြံဉာဏ်များဖြင့် အပိုဆုကြေးငွေများ ရယူပါ။

OnFin CopyTradingမှာ နည်းပရိယာယ်တစ်ခု ဖန်တီးဖွင့်လှစ်၍ ပုံမှန် ဆုငွေများ ရယူပါ
သင့်၏ ကိုယ်ပိုင်နည်းပရိယာယ်ဖြင့်ကုန်သွယ်မှုကို အဆင့် ၅ ဆင့်ဖြင့် ဖန်တီးပါ
01
OnFin ၏ကိုယ်ပိုင်နေရာတွင် ပုံပွားအကောင့်တစ်ခု ဖွင့်လှစ်ပါ။
05
အမြတ်ငွေသည် ကုန်သွယ်မှုတွင် မက နည်းပရိယာယ် ဝယ်ယူအားပေးသူများထံမှလည်း ရရှိနိုင်ပါမည်။
02
သင်၏ နည်းပရိယာယ် စာမျက်နှာတွင် နည်းပရိယာယ်ဖွင့်ရန် ခလုတ်ကို နှိပ်ပါ။ ရရှိနိုင်မည့် အကောင့်အမျိုးအစားနှင့် ကော်မရှင်ခ သုံးမျိုးသတ်မှတ်ပါ။
သင်၏ ကုန်သွယ်မှုကို အာရုံစိုက်ရမည့်အရာများကို အသုံးပြုသူများနားလည်အောင် နည်းပရိယာယ်ကို အမည်ပေးပါ။နည်းပရိယာယ်အပေါ်တွင် ရင်းနှီးငွေပမာဏကို အကြံပြုသတ်မှတ်ပါ
03
04
သင်၏ ကျွမ်းကျင်အမြင်ဖြင့် စတင်ကုန်သွယ်ရန် သင့်အကောင့်ကိုငွေဖြည့်ပါ။သင်၏ နည်းပရိယာယ်အတွက် အနည်းဆုံးအများဆုံးဖြည့်သွင်းရမည့် ပမာဏသတ်မှတ်ထားမှု မရှိပါ။ စိတ်ကြိုက်ကုန်သွယ်ပါ။
အကောင့်တစ်ခုအတွက် နည်းပရိယာယ်တစ်ခုသာ အလုပ်လုပ်ပါမည်။ နည်းပရိယာယ်သုံး အကောင့်တခုတည်းတွင် အခြားနည်းပရိယာယ် ဝယ်ယူသုံးစွဲမှု မပြုလုပ်သင့်ပါ။ သင်၏ သတင်းအချက်အလက်များနှင့် သင်၏ ကုန်သွယ်မှုနည်းလမ်းများကို ဝယ်ယူအသုံးပြုသူများးအား မျှဝေသုံးစွဲမှု မပြုလုပ်ပါနှင့်
အခြေအနေကောင်းများသည် ဝယ်ယူအားပေးသူများလာအောင် ဖန်တီးပေးသည်။
သင်၏ ကုန်သွယ်မှုမှတ်တမ်းများ ရှည်ကြာပြီး ဝယ်ယူအားပေးသူများအား ပေးဝေသောသတင်းအချက်အလက်များသည် များပြားလျှင် သင်သည် နောက်လိုက်အားပေးသူများ ပိုမိုရရှိနိုင်မည်ဖြစ်သည်။ ပြန်လည်မျှဝေမှုများကို အဆင်ပြေသလို သတ်မှတ်နိုင်သကဲ့သို့ ဝယ်ယူအားပေးသူများအား မျှတစွာ ဆွဲဆောင်ရန် ကြိုးစားသင့်ပါသည်။
OnFin CopyTrading တွင် နည်းပရိယာယ် စီမံခန့်ခွဲသူ တစ်ယောက်ဖြစ်ခြင်းသည် ချက်ချင်းလုပ်ဆောင်သကဲ့သို့ ကုန်သွယ်မှုများကိုလည်း ပြန်လည် ညွှန်းဆိုရန် မလိုဘဲ ပုံပွားလုပ်ဆောင်နိုင်သည်။ ဆုံးရှုံးမှုနည်းသော ကုန်သွယ်မှုပေါင်း ၂၇၀ ကျော်(ခရစ်ပတို ငွေကြေးအပါအဝင်) နှင့် ၁: ၁၀၀၀ သာ ရှိသော ဆုံးရှုံးနိုင်ချေရှိသော OnFin CopyTrading က သင်နှင့် သင့်၏ အားပေးသူများကို အောင်မြင်မှုအတွက် စိုးရိမ်ကြောင့်ကျမှုများကို လျော့ကျစေမည်။ ပြီးတော့ ငွေသွင်းငွေထုတ် ကုန်ကျစရိတ်လည်း မလိုအပ်ပါ
လွယ်ကူစွာကုန်သွယ်ခြင်းနှင့် လျှင်မြန်စွာကုန်သွယ်ခြင်း
OnFin
OnFin သည် ကုန်သွယ်သူများနှင့် ရင်းနှီးမြှုပ်နှံသူများအတွက် အကောင်းဆုံးအခြေအနေများနှင့် ဘဏ္ဍာရေးလွတ်လပ်မှုကို တန်ဖိုးထား ဖန်တီးပေးသည်။ ၂၀၁၅ ခုနှစ်ကတည်းမှ စတင်လုပ်ဆောင်နေခဲ့ပြီး ဝန်ဆောင်မှုများကိုတိုးတက်စေလျက် ဈေးကွက်နည်းစနစ်သစ်များနှင့် နည်းပညာများကို လူတိုင်းအတွက် ပေးစွမ်းနိုင်ရန်ကြိုးစားလျက်ရှိပါသည်။

ကျွန်ုပ်တို့မှ ချက်ချင်းတုံ့ပြန်ဆက်ဆံမှုများကို တစ်ကမ္ဘာလုံးမှ တိုက်ရိုက်ဖန်တီးပေးနေကာ ကုန်သွယ်သူများကို ကိုယ်ပိုင်ဆုံးဖြတ်များချနိုင်ရန် ကူညီ၍သော်လည်းကောင်း အောင်မြင်သောနည်းပရိယာယ် များကို သတ်မှတ်ပေး၍ သော်လည်းကောင်း ဖန်တီးပေးနေပါသည်။ ဒါကတော့ စစ်မှန်တဲ့ ECN စစ်မှန်တဲ့ broker တစ်ခု ဖြစ်ပါတယ်။
1:1000
ကုန်သွယ်မှုအတွက် လွမ်းမိုးနိုင်စွမ်းရှိအောင် ထိရောက်သောပမာဏ။ သင့်၏ အမြတ်ငွေနှင့် စွန့်စားရမှုကို ချိန်ညှိပါ
0%
ငွေသွင်းငွေထုတ် ကုန်ကျစရိတ်မရှိပါ
$1
အနည်းဆုံး ဖြည့်သွင်းရမည့်ပမာဏ၊ ထူးခြားအခြေအနေများနှင့် စတင်ကုန်သွယ်သူများ၏ အကောင့်များ
260+
အထိရောက်ဆုံးသော ဘဏ္ဍာရေး ကိရိယာများ။ ရွေးချယ်စမ်းသပ်သင့်သော အရာများ။ ခရစ်ပတိုငွေကြေး၊ ငွေလဲနှုန်း၊ စတော့ရှယ်ယာ၊ အညွန်းကိန်းပြ အရာများ၊ ကုန်စည်များနှင့် အိမ်ခြံမြေများ
OnFin CopyTrading
  • သင်သည် စီမံခန့်ခွဲသူနှင့် ဝယ်ယူအားပေးသူ တစ်ချိန်တည်းတွင် ဖြစ်နိုင်သည်
OnFin CopyTrading တွင် နည်းပရိယာယ် စီမံခန့်ခွဲမှုများ လုပ်ဆောင်နိုင်သကဲ့သို့ ဝယ်ယူအားပေးမှုများကိုလည်း တစ်ချိန်တည်းတွင် လုပ်ဆောင်နိုင်သည်။ ထိုအတွက် မတူညီသော အကောင့်များကို ဖွင့်ထားရန် လိုအပ်လိမ့်မည်။
  • ကုန်သွယ်မှုများနှင့် ရင်းနှီးမြှုပ်နှံမှုများ၏ အကောင်းဆုံးအခြေအနေများ
ဖြန့်ဝေခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ပြန်လည်ရှင်းပြရခြင်းများသည် ရရှိသောကောင်းကျိုးများကို နှောက်ယှက်ခြင်းမပြုတော့ပါ။ သင်နှင့် သင်၏ ကုန်သွယ်မှုအောင်မြင်မှုကြားတွင် မည်သည့်အရာမျှ တားဆီးထားမှု ရှိမည်မဟုတ်ပါ၊
  • သင်၏ အတွေ့အကြုံများကို စိတ်ကြိုက်ပုံသွင်းထားပါ
ပုံပွားကုန်သွယ်မှုစိတ်ကြိုက်ပုံစံများ၏ တိကျသောဖြစ်နိုင်ချေများကို စုဆောင်းထားပါသည်။
သင်၏ ကုန်သွယ်မှုစတိုင်ပုံစံနှင့် လိုက်ညီသော စနစ်များနှင့် ပေါင်းစပ်ပြီး အကောင်းဆုံးကို ရှာပါ
  • ဝယ်ယူသူများအား ကူညီထောက်ပံ့ပေးသူများ၏ အကာအကွယ်သည် အမြဲတမ်းဖြစ်ပါသည်။
ပြသနာတစ်စုံတစ်ရာဖြစ်ပွားပါက အကူအညီပေးသူများအား ဆက်သွယ်ရန် မတုံ့ဆိုင်းပါနှင့်။ သင့်ကို ကူညီရန် အသင့်ရှိကြပါသည်။
  • ကျွန်ုပ်တို့က နေ့တိုင်းပိုကောင်းအောင် ကြိုးစားကြပါတယ်။
OnFin CopyTrading ဝန်ဆောင်မှုလုပ်ငန်းသည် နေ့စဉ်တိုးတက်လာကာ ပို၍ အဆင်ပြေချော့မွေလာနေပါသည်။ ကျွန်ုပ်တို့၏ ဝန်ဆောင်မှု အရည်အသွေးကို တိုးတက်အောင် ဆက်လက်လုပ်ဆောင်နေပါသည်။ အကြံဉာဏ်ပေးလိုသည်များကိုလည်း ကျွန်ုပ်တို့အား ပွင့်လင်းစွာ အကြံပေး မှတ်ချက်ပြုနိင်ပါသည်။
အသုံးပြုလမ်းညွှန်
ကျွန်ုပ်တို့သည် ရင်းနှီးမြှုပ်နှံမှုများနှင့် နည်းပရိယာယ်များနှင့် ပတ်သက်၍ ပြည့်စုံသော အသုံးပြုလမ်းညွန်ကို OnFin CopyTrading ဝန်ဆောင်မှုလုပ်ငန်းမှ ဖန်တီးပြင်ဆင်ထားပါသည်။ ထိုတွင် အသုံးပြုပုံလုပ်ဆောင်မှုများ၊ ဝန်ဆောင်မှု ပုံစံများနှင့် နာမူနာပုံစံများကို အသုံးပြုရ လွယ်ကူအောင် ထည့်သွင်းထားပါသည်။